မေးခွန်းနှင့်အဖြေများ
စာအုပ်ငှားချင်လျှင်
၁။ လူကိုယ်တိုင် လာငှားတာပဲဖြစ်ဖြစ်၊ Deliveryနဲ့ ပို့ပေး ပြန်ယူလို့ဘဲ ဖြစ်ဖြစ် ထင်ပေါ်စာပေ စမ်းချောင်း စာကြည့်တိုက်တွင် ငှားရမ်းနိုင်ပါသည်။
#လာရောက်ငှားရမ်းလိုပါက ထင်ပေါ်စာပေ
အမှတ် (၅၆)၊ မြေညီထပ်၊ အောင်သပြေလမ်း၊ စမ်းချောင်း၊ စမ်းချောင်း အထက ၂ အနီးတွင် လာရောက်ငှားရမ်းနိုင်ပါသည်။
#ဆက်သွယ်ရန် - 09885105706
017504204
095105706
၂။ တစ်ခါငှားလျှင် ဘယ်နှစ်အုပ် ငှားနိုင်လဲ။
ကာလအလျောက် စာအုပ်တန်ဖိုးကို အပေါင်ပေးနိုင်ပါက စာအုပ် အုပ်ရေအကန့်အသတ်မရှိ ငှားရမ်းနိုင်ပါတယ်။
၃။ စာအုပ် ငှားခ ဘယ်လောက်ပေးရမလဲ။
စာအုပ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို တပတ်စာငှားခ အဖြစ်ယူပါသည်။
ဥပမာ ၃၀၀၀ တန် စာအုပ်ကို ယခုအပတ် သောကြာနေ့ငှားပြီး နောက်အပတ် သောကြာနေ့ ပြန်အပ်ပါက ၃၀၀ ကျပ် ကျသင့်ပါသည်။
၄။ တပတ်ထက် ကျော်ရင်ကော သက်တမ်းလာတိုးရမလား၊ ငှားခ ဘယ်လို ပေးရမလဲ။
တပတ်ထက်ကျော်ပါက တပတ်လျှင် စာအုပ်ငှားခ စာအုပ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း စီ ပိုကျသင့်ပါမည်။ သက်တမ်းလာတိုးစရာမလိုပါ။ တစ်လကျော် ကြာပါက ပြန်အပ်ပေးရန် အကြောင်းကြားပါမည်။
၅။ အပေါင်ငွေဆိုတာကဘာလဲ။
စာအုပ် ပျောက်ဆုံး၊ ပြန်မအပ်ဖြစ်တာရှိခဲ့ရင် ပြန်ဝယ်နိုင်အောင် ယူထားတဲ့ငွေပါ။ စာအုပ်ရဲ့ ကာလတန်ဖိုး အတိုင်းပါ။ Kpay , Wave နဲ့ပေးထားလည်း ရပါတယ်။ နိုင်ငံသားကဒ် မူရင်း ပေးထားရင်လည်းရပါတယ်။ အပေါင်ကို စာအုပ်ပြန်အပ်ချိန် ချက်ခြင်း ပြန်ပေးပါတယ်။
#စာအုပ်ဆိုင်/စာကြည့်တိုက်ဖွင့်ချိန်
နေ့လည်(၂)နာရီမှ ညနေ(၇)နာရီထိ
ကျန်အချိန်လာလိုက ကြိုဖုန်းဆက်ပါရန်။
ပိတ်ရက်မရှိပါ။
ဘတ်စ်ကား မဟာမြိုင်၊ ရွှေမန်းမှန်တိုင်။
ကိုယ်ပိုင်၊ taxi ဟံသာဝတီအဝိုင်း ကျော်ပါက ညာဘက် မဟာမြိုင်လမ်းထဲဝင်ပါ၊ ပထမဆုံးတေ:့သော ညာဘက်ကလမ်းက အောင်သပြေလမ်းပါ။
မြေနီကုန်းမှလာက ဗာကရာလမ်း၊ ကျွန်းတောကျောင်းလမ်း (Spirit ဆိုင်ရှေ့နား ညာဘက်ကလမ်း) ထိုမှဆက်၍ ရှေ့တည့်တည့်မောင်းပါက အောင်သပြေလမ်း ပထမအပိုင်း၊ ဒုတိယအပိုင်း သို့ ရောက်ပါမည်။
Online ကနေ ဘယ်လိုစာအုပ်ငှားမလဲ....?
Online ကနေစာအုပ်ငှားဖို့ဆို page message ကို
လာပြီး ငှားရမ်းလိုတဲ့စာအုပ်နာမည်လေးကို ရှိမရှိမေးပြီး
ငှားရမ်းလို့ရပါတယ်။ ရနိုင်မဲ့စာအုပ်စာရင်းကို comment
မှာ Link ချပေးထားပါတယ်။
ပြီးရင်တော့ ငှားထားတဲ့စာအုပ်လေးတွေကို
သေချာစွာထုပ်ပိုးပြီး delivery အပ်ပေးပါတယ်ခင်ဗျာ။
ပုံမှန် Delivery နှုန်းက ၂၀၀၀/၂၅၀၀ ကျပ် ဖြစ်ပါတယ်။
ပို့ခ ၃၀၀၀/၂၅၀၀ ဖြစ်လို့ တစ်ခါငှားရင် လေးငါးခြောက်အုပ်
လောက်ငှားရင်တော့ တွက်ခြေကိုက်ပါတယ်ခင်ဗျာ။
ငှားပြီး ပြန်အပ်ဆိုတော့ Delivery ခ နှစ်ခါတောင်
ပေးရမှာပေါ့နော်.....?
ဒီမေးခွန်းလေးက အမေးများတဲ့မေးခွန်းတစ်ခုပါ။
ပထမတစ်ကြိမ်ငှားပြီး ဒုတိယတစ်ကြိမ်ထပ်ငှားတဲ့အခါမှာ ပထမတစ်ကြိမ်ငှားထားတဲ့ စာအုပ်လေးတွေကို ပြန်သိမ်းသွားမှာဖြစ်လို့ တစ်ကြောင်းစာ ၃၀၀၀/၂၅၀၀ ပဲကျသင့်မှာဖြစ်ပါတယ်။ ထပ်မငှားတော့ဘဲ ပြန်အပ်တာဆိုရင်တော့ ပြန်သိမ်းdelivery ခ ၃၀၀၀/၂၅၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။
ရန်ကုန်ကမဟုတ်ရင်
အုပ်ရေများများငှား
စုဖတ်ကြ
ငှားခကိုလည်း၊ Bee, Royal Express နဲ့ပို့ပေး၊ ပြန်ယူ။
ဖတ်ချိန် ၂-၃ပတ်၊ ခရီးကြာချိန် ၂-၃ ရက် စုစုပေါင်း ကိုမှ စာအုပ်တန်ဖိုး ၁၅% ယူမယ်ဆိုရင်တော့ ဖြစ်တယ်။ ပို့ခ အသွားအပြန်ကို ဖတ်တဲ့သူဘက်က ကျခံရပါမယ်။
အစမ်းသဘောပါ။
တစ်ခြားသိလိုသည်များကိုလည်း page message
/ 095105706 မှာ ဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျာ။
Online ကငှားဖို့ ဆက်သွယ်ချင်ရင် နည်းလမ်း ၂ ခုနဲ့ ဆက်သွယ်နိုင်ပါတယ်။
၁။ ထင်ပေါ်စာပေ(အငှားဆိုင်) စမ်းချောင်း Page ကိုဝင်ပြီး ငှားချင်တဲ့ စာအုပ်တွေရဲ့ Screen shot (SS) ကိုပြပြီး၊ ဒါမှမဟုတ် စာ ရေးသူအမည်၊ စာအုပ်အမည်တွေကို Messenger မှာရိုက်နှိပ်ပြီး လတ်တလော ရနိုင်မရနိုင် မေးမြန်းနိုင်ပါတယ်။
၂။ ဖုန်းနဲ့ တိုက်ရိုက်ဆက်ပြီး မေးမြန်းရင်လည်း ရပါတယ်။ (Messenger ကမေးတာကတော့ ၂ဘက်စလုံးအတွက် ပို အဆင်ပြေတတ်ပါတယ်)
Screenshot (SS) တွေကို ဘယ်လို ရယူရမလဲ။
ထင်ပေါ်စာပေ လင့်ခ်ရဲ့ စာရေးဆရာ စာရင်း၊ ဘာသာရပ်စာရင်း တွေကနေရယူနိုင်ပါတယ်။
တခြားဆိုက်တွေက ရယူလာတဲ့ SS တွေကိုလည်း အသုံးပြုလို့ရပါတယ်။
Delivery နဲ့မှာရင် ဘယ်လောက်ကြာတတ်သလဲ။
မှာထားပြီး ဆိုင်မှာ လတ်တလော ရှိနေတယ်၊ အပေါင် ကိစ္စတွေ လည်း တင်ပြီးရင် မှာပြိး ၂ရက်အတွင်း ပို့ပေးပါတယ်။
Online ငှားပြီး စာအုပ်ပြန်အပ်ချင်ရင် delivery ခ ထပ်ပေးရမှာလား။
ဟုတ်ကဲ့၊ ထပ်ပေးရပါတယ်။ တကြောင်းသွားရတိုင်း သူတို့အတွက် တခေါက်စာပေးပါတယ်။ ပြန်အပ်ရင်း အသစ်ပါထပ်ယူရင်လည်း အသစ်ပေး၊ အဟောင်းယူ ရောပြီး တခေါက်စာပဲ ပေးရလို့ သက်သာသွားပါတယ်။
Online ကငှားပြိး စာအုပ်ပြန်အပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ။
စအမှာ တုန်းက လုပ်ခဲ့သလိုပဲ Page ရဲ့ Messenger ကနေ တရက်ကြို အကြောင်းကြားရပါမယ်။
ငှားတာ တပတ်ပြည့်ခါနီးတိုင်း reminder / သတိပေးအကြောင်းကြားစာ ကြိုပြိး ပို့ပေးပါတယ်။